“GBRB Spinoff: Cafeteria”ရဲ့အဆက်ဖြစ်ပြီး နာမည်ကြီးမင်းသားဖြစ်တဲ့ ဂင်ဝူဘင်၊ နာမည်ကြီးဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အီဂွမ်ဆိုးနဲ့ EXOအဖွဲ၀င်လေး D.Oတို အဓိကပါ၀င်ရိုက်ကူးထားတဲ့ “GBRB: Joy Pops Laugh Pops” Variety Showလေးကို BLSFLIXချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီးတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။
ပထမSeasonတုန်းကလည်း အားပေးမှုများခဲ့ပြီး ဗဟုသုတအပြင် ရသအစုံပါရတာမလို ရသစုံအစီအစဉ်ချစ်သူတွေစောင့်မျှော်နေကြတဲ့ အစီအစဉ်ဆိုလည်း မမှားပါဘူး။
ဒီတစ်ခါမှာတော့ အဖွဲ၀င်သုံးယောက်က overseas ထွက်ပြီး ပေးထားတဲ့ဘတ်ဂျက်နဲ့အညီ ခရီးလည်ပတ်နိုင်ဖို ကြိုးစားရပါတယ်။ ဘာသာစကားအခက်အခဲကအစ နေရာအခက်အခဲအဆုံး အခက်အခဲပေါင်းစုံရင်ဆိုင်ရတဲ့အပြင် နေရာသစ် ယဉ်ကျေးမှုအသစ်စတဲ့ အတွေ့အကြုံအသစ်တွေကို သူတိုကလည်း ကြုံတွေ့ရင်း ကြည့်ရှုသူတွေကိုလည်း တင်ဆက်ရင်းရိုက်ပြထားတာမလို အတူတကွ လက်လွှတ်မခံဘဲ စောင့်ကြည့်လိုက်ကြရအောင်နော်။