Moana 2

မိုအာနာ ဒုတိယရုပ်ရှင်ကို ဖြစ်ပါတယ်။ Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne “The Rock” Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။ မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။ ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။

Moana 2 background

Moana

ဇာတ်ကားလေးရဲ့အစမှာတော့ ကမ္ဘာကြီးဟာ ကုန်းမြေရဲ့မိခင်ကြီးပေါ်မလာခင်အချိန်အထိ သမုဒ္ဒရာကြီးတစ်ခုပဲရှိနေခဲ့တာပါ။ တဖီတီက သူ့ရဲ့နှလုံးသားရဲ့စွမ်းအင်တွေနဲ့ ကျွန်းတွေ သက်ရှိတွေကိုဖန်ဆင်းပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနဲ့ တခြားသက်ရှိတွေကတော့ တဖီတီရဲ့နှလုံးသားကို ခိုးဖို့ကြံပါတော့တယ်။ တစ်နေ့မှာတော့ နတ်ဘုရားတစ်ပိုင်း လူတစ်ပိုင်းဖြစ်တဲ့ မာဝီက လူသားတွေကို ထာဝရအသက်ရှင်နိုင်အောင် လုပ်ပေးချင်တဲ့စိတ်နဲ့ တဖီတီရဲ့နှလုံးသားကိုခိုးခဲ့ပါတယ်။ ဒါပေမယ့် မာဝီက မီးတောင်ချော်ရည်မကောင်းဆိုးဝါး တဲခနဲ့ရင်ဆိုင်ခဲ့ရပြီး မာဝီရော တဖီတီရဲ့နှလုံးသားပါပျောက်ဆုံးသွားခဲ့ရပါတယ်။ မိုအာနာကတော့ ကျွန်းလေးတစ်ကျွန်းပေါ်က ရွာလေးတစ်ရွာရဲ့အကြီးအကဲသမီးပေါ့။ သူက ပင်လယ်ကြီးကိုချစ်မြတ်နိုးပေမယ့်လည်း ရွာရဲ့စည်းမျဥ်းတစ်ခုကြောင့် ပင်လယ်ကြီးထဲကိုသွားခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ မာဝီကိုလိုက်ရှာပြီး တဖီတီရဲ့နှလုံးသားကိုသွားပြန်ထားဖို့တာဝန်တစ်ရပ် သူ့အပေါ်မှာ ကျရောက်လာခဲ့ပါတယ်။ ဒီတော့ မိုအာနာနဲ့ မာဝီတို့နှစ်ယောက် ကနူးလှေတစ်စီးနဲ့ ပင်လယ်ကြီးကိုရွက်လွင့်ပြီး ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ။ တဖီတီရဲ့နှလုံးသားကိုရော ပြန်ထားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုအားပေးကြရမှာပဲဖြစ်ပါတယ်။

Moana background

KPop Demon Hunters

KPop Demon Hunters (2025) ************************** ကိုရီးယားရဲ့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Lee Byung Hun, Ahn Hyo Seop တို့အပြင် Arden Cho, May Hong, Ken Jeong, Daniel Dae Kim တို့လို အမေရိကန်သရုပ်ဆောင်တွေက အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားကြပြီး TWICE လိုမျိုး World Star Kpop အဖွဲ့ကပါ Ost မှာ Featuring အနေနဲ့ သီဆိုပေးထားတဲ့ Music, Comedy Movie အမျိုးအစား ကားသစ်လေး တင်ဆက်ပေးပါရစေ .. ဇာတ်လမ်းအညွှန်း ************* နာမည်ကြီး Kpop Girl Group “Huntrix” ရဲ့ အဖွဲ့ဝင် ၃ […]

KPop Demon Hunters background
Moana 2
Moana
KPop Demon Hunters