ဇာတ်ကားလေးရဲ့အစမှာတော့ ကမ္ဘာကြီးဟာ ကုန်းမြေရဲ့မိခင်ကြီးပေါ်မလာခင်အချိန်အထိ သမုဒ္ဒရာကြီးတစ်ခုပဲရှိနေခဲ့တာပါ။ တဖီတီက သူ့ရဲ့နှလုံးသားရဲ့စွမ်းအင်တွေနဲ့ ကျွန်းတွေ သက်ရှိတွေကိုဖန်ဆင်းပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနဲ့ တခြားသက်ရှိတွေကတော့ တဖီတီရဲ့နှလုံးသားကို ခိုးဖို့ကြံပါတော့တယ်။ တစ်နေ့မှာတော့ နတ်ဘုရားတစ်ပိုင်း လူတစ်ပိုင်းဖြစ်တဲ့ မာဝီက လူသားတွေကို ထာဝရအသက်ရှင်နိုင်အောင် လုပ်ပေးချင်တဲ့စိတ်နဲ့ တဖီတီရဲ့နှလုံးသားကိုခိုးခဲ့ပါတယ်။ ဒါပေမယ့် မာဝီက မီးတောင်ချော်ရည်မကောင်းဆိုးဝါး တဲခနဲ့ရင်ဆိုင်ခဲ့ရပြီး မာဝီရော တဖီတီရဲ့နှလုံးသားပါပျောက်ဆုံးသွားခဲ့ရပါတယ်။
မိုအာနာကတော့ ကျွန်းလေးတစ်ကျွန်းပေါ်က ရွာလေးတစ်ရွာရဲ့အကြီးအကဲသမီးပေါ့။ သူက ပင်လယ်ကြီးကိုချစ်မြတ်နိုးပေမယ့်လည်း ရွာရဲ့စည်းမျဥ်းတစ်ခုကြောင့် ပင်လယ်ကြီးထဲကိုသွားခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ မာဝီကိုလိုက်ရှာပြီး တဖီတီရဲ့နှလုံးသားကိုသွားပြန်ထားဖို့တာဝန်တစ်ရပ် သူ့အပေါ်မှာ ကျရောက်လာခဲ့ပါတယ်။ ဒီတော့ မိုအာနာနဲ့ မာဝီတို့နှစ်ယောက် ကနူးလှေတစ်စီးနဲ့ ပင်လယ်ကြီးကိုရွက်လွင့်ပြီး ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ။ တဖီတီရဲ့နှလုံးသားကိုရော ပြန်ထားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုအားပေးကြရမှာပဲဖြစ်ပါတယ်။